သခင့်..... ကြင်ယာတော် (Ep-1)
👑👑 သခင့်..... ကြင်ယာတော်
အပိုင်း (1)
"ဝိုင်...လာပါကွာ သွားရအောင်လေနော်...ငါအရမ်းသွားချင်လို့ပါကွာ.."
ဆိုဖာမှာခြေချိတ်ထိုင်ကာ လက်ပိုက်နေသော သူ့အား ' ဆက် ' က သူ့လက်မောင်းကို အတင်းဆွဲခေါ်နေသည်..
"ကျစ်...ရှုတ်လိုက်တာ ဆက်ရာ....မင်းသွားချင်ရင် ဟိုမှာ ညီ့ ကိုသွားခေါ်.."
သူ့စကားကြောင့် ဆက်က.... တဖက်ခုံမှာထိုင်၍ စာဖတ်နေသော ညီ့ အနားသွားလိုက်သည်...
"ညီ.."
သူခေါ်တုန်းရှိသေးသည် ညီက..
"ငါ မလိုက်ဘူးနော်...ငါ့ဘာသာအေးဆေးနေပါရစေ ဆက်ရာ... ကျောင်းးပိတ်တဲ့ရက်လေး အေးဆေးနေစမ်းပါ...."
"မင်းတို့ကလဲကွာ....ငါသွားချင်လို့ပါဆိုမှ...တယောက်မှ မလိုက်ကျဘူး...ငါကျတော့...မင်းတို့လုပ်ချင်ကိုလိုက်လုပ်ပေးရတယ်..."
ဆက်က ပြောရင်း နှုတ်ခမ်းက ဆူချင်လာသည်...ဒီကောင် စိတ်ကောက်နေပြီလေ.... ဆက်က စိတ်ကောက်ရင် မိန်းမကြီးနဲ့တူလွန်းသည်...သူ ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ညီ့ကို လှမ်းကြည့်လိုက်သည်......
"ဆက်.....မင်းကလဲကွာ...အားအားရှိစိတ်ကောက်ဖို့ပဲ...
လိုက်ခဲ့မယ်ကွာ.."
"ညီ မင်းတကယ်ပြောတာနော် ဝိုင် မင်းကရော..."
"ဟမ်...ငါပါလိုက်ရမှာလား...."
"အေးလေကွာ...ဘယ်တုန်းက သုံးယောက်မစုံဘဲ တနေရာသွားဖူးလို့လဲ..."
အဲ့ဒါကတော့ ဟုတ်သည်..ဝိုင်သွေးသစ်.. ညီသုတ..မင်းဆက် ဆိုတဲ့သူတို့ငယ် သူငယ်ချင်းသုံးယောက်က ငယ်ငယ်ထဲက ခင်မင်လာကြတဲ့သူတွေ..သုံးယောက်မစုံဘဲ ဘာမှမလုပ်ဖြစ် အမြဲတပူးတွဲတွဲပင်..သံယောဇဉ်ကလဲ ပြောစရာမလိုအောင် ခိုင်မြဲသည်..
တဇွတ်ထိုးနဲ့ ထင်ရာဆိုင်းလုပ်တတ်တဲ့ Y နဲ့ ကလေးဆန်ဆန် လုပ်တတ်တဲ့ ဆက်ကြား ညီကအမြဲလိုက်ညှိပေးနေရသူ....ညီကတော့ အေးဆေးနေတတ်သူပင် Y ကတော့ လူများသည့်နေရာများကို ရှောင်တတ်သည်....
ဆက်ကတော့ ပျော်ပျော်နေတတ်သည် Night out လဲထွက်လေ့ရှိသည်.....
"အဲ့ဒါက...မင်းကလဲကွာ..ငါက လူများတဲ့နေရာတွေမလိုက်ချင့တာ မင်းသိသားနဲ့ ...မင်းက Shopping Mall သွားပြီး ဘာလိုချင်တာလဲ.."
"ဖိနပ်..."
"ဒါဆို မင်းလိုချင်တဲ့ ဒီဇိုင်းပြော ငါမှာပေးမယ်.."
"ဟ မင်းကလဲ ငါက ငါ့ဘာသာ့ စိတ်ကြိုက်ရွေးပြီးဝယ်ချင်တာ...ပုံသေလိုချင်တာမဟုတ်ဘူး...နောက်ပြီးငါက အလှ အပလေးတွေရှု့စားချင်တာ ဟီ ဟီး.."
ဝိုင်က အနားမှာရှိတဲ့ ခေါင်းအုံးနဲ့ ဆက်ကို ပစ်ပေါက်လိုက်ပြီး..
"နှာဘူး.. ဘူးကောင် မင်းနေ့တိုင်း မင်းအဖေပိုင်တဲ့ ကလပ်တွေတစ်ခုပြီးတစ်ခု မရိုးရအောင် လည်နေပတ်နေတာ မဝသေးဘူးလား..ဟမ် ဘူးချက်က 9+ ပဲ.."
"ငါ့ ဘာသာ ဘူးတာ ဘာဖြစ်လဲ မင်းသာ မိန်းကလေးတွေမကြိုက်တာ...ငါ ငယ်ငယ်ထဲက မင်းနဲ့ပေါင်းလာပေလို့ပဲ မဟုတ်ရင် မင်းကို Gay လို့ထင်မိမှာ အမှန်ပဲ..မင်းတကယ်ပဲ ကျောင်းက သူတွေပြောသလို အခြောက်ကြီးလား.."
"ငါကို အခြောက်လို့ မင်းပြောရဲတယ်ပေါ့...အေး မင်းသေပြီပဲ.....မင်း သုံးတဲ့ Y Group နဲ့ ပတ်သတ်တဲ့ ကဒ်တွေ အကုန်လုံးငါ ပိတ်ပစ်မယ်.."
"ဟေ့...ဟေ့ကောင် ဝိုင် မင်းမညစ်ပတ်နဲ့နော်."
"ငါက မညစ်ပတ်ပါဘူး ရေပုံမှန်ချိုးတယ်...မင်းလို ညညကလပ်မှာအိပ်ပြီး မနက်ကျမှ အိမ်ကို ခိုးကြောင်ခိုးဝှက်ပြန်လာတဲ့ကောင်မဟုတ်ဘူး..."
"မင်း ...အဲ့ဒါက....မဆိုင်တာတွေမပြောနဲ့.."
ဆက်တယောက် ရှူးရှူးရှဲရှဲဖစ်လာသည်...
အဲ့လိုပါပဲ ဝိုင်နဲ့ ဆက်က စကားနိုင်လုနေကြ...
ဆက်က သွားသွားစသည်..ပြီးရင် သူလဲ ဝိုင့်ကိုနိုင်တာမဟုတ်...ဒါကလဲငယ်စဉ်ကတည်းက ရိုးရာတခုလိုဖြစ်နေသည်....စကားနိုင်လုရင် ဝိုင်ကတော့ အေးဆေး အချက်ကျကျပြောတတ်သည်....ဆက်ကတော့ ပတ်ရမ်းလေ့ရှိသည်.....ဝိုင်ကသွေးအေး၍ တဇွတ်ထိုးလုပ်လေ့ရှိသည်..မထင်ရင် မထင်သလို လဲ လုပ်လေ့ရှိသူ.....
နောက်ဆုံးတော့လဲ ခံရသူက ဆက်ပင်....
တယောက်တခွန်း စကားများနေသော ဝိုင်နဲ့ ဆက်ကို ကြားက ညီက စာအုပ်ကို ပိတ်ပြီး..
"မင်းတို့ ဒီနေ့ ကိုက်လို့ပြီးကြ ဦးမှာလား..နေ့တိုင်း ကိုက်နေရတာ အားမရနိုင်ဘူး.."
"ကိုက်ရတာပေါ့...ငါပြောတာမှမရတာ.."
"ဘာကိုက်တာလဲ...မင်းဘာသာ ခွေးအဖြစ်ခံ ငါတော့ အဖြစ်မခံနိုင်ဘူး.."
"ငိ..."
"တော်ကြပါတော့..ဝိုင် မင်းလဲစိတ်လျော့ပါတော့ကွာ...
ဆက် စိတ်ကျေနပ်အောင်လိုက်သွားပေးလိုက်ပါ.."
"ကျစ်....မလိုက်ချင်ပါဘူးဆို ညီရာ.."
"ဝိုင်....မင်းကလဲကွာ...ခဏလေးပဲ ခဏလေးပါပဲကွာနော်..."
"မင်း ခဏလေးကိုပဲကြောက်တာ ရွေးရင် မပြီးတော့ဘူး..တော်တော် အလှကြိုက်တဲ့အကောင်..မိတ်ကပ်ဖန်တီးရှင်သေလို့ ဝင်စားသလား အောက်မေ့ရတယ်..."
"မင်းရော အလှမကြိုက်လို့လား...ဟမ် တခါတခါ ကျောင်းသွားခါနီး...မင်းခြံရွေတော် (10) ယောက်လောက်က ယောက်ယက်ကိုခတ်နေတာ..... ဖိနပ်ဆိုလဲဖိနပ်.. အိတ်ဆိုလဲ အိတ်မို့..."
"ဟျောင့် အဲ့ဒါက fashion ကျအောင် ဝတ်တာကွ.."
"သူ့ဘက်ကျတော့ ပြောတတ်တယ်..."
"ဟား...နားညီးလာပြီကွာ...မင်းတို့ ဒီနေ့ပြီးဦးမှာလား.."
ထုံးစံအတိုင်း နားပူမခံနိုင်တဲ့ ညီက ရှင်းပေးရတော့မယ်လေ...
"ကဲ မင်းဝင်ရှင်းတော့ ပေါင်ချိန်ရေ.."
"ဟမ်.....ဆက် မင်းကကွာ...ပေါင်ချိန် က ဒီလောက်အသားမဲတာ ငါ့လိုဖြူ ဖြူ နုနုလေးနဲ့ ယှဉ်ရက်ပါ့ကွာ.."
သူတို့သုံးယောက်က အချင်းချင်းပြောနေကြပေမဲ့ တကယ်တော့ သုံးယောက်လုံးက အလှကြိုက်သူကြီးပင်...
ထို့ကြောင့်လဲ ဝိုင်နဲ့ ညီက အတွဲတွေ Men To Men လို့ကျောင်းမှာပြောနေကြတာမဟုတ်လား...ဆက်ကတော့လွတ်သည်...မိန်းကလေးတွေ အထည်လဲတွဲသူမို့....
"ပြောပါ ညီရယ်....ဒီနေ့လိုရင်းရောက်ပါ့ဦးမလား.."
ဝိုင် ဝင်ပြောမှ ညီက..
"ဒီလိုလုပ်...ဝိုင် မင်းကလဲ ဆက်နဲ့လိုက်သွားပေး...
ဆက် မင်းကလဲ အကြာကြီးလုပ်မနေနဲ့....ဝိုင်လူများတဲ့နေရာတွေမကြိုက်တာ သိတယ်နော်....
နောက်ပြီး ဆက် မင်းက ဘယ် Shopping Mall သွားမှာလဲ..."
"ဟို...ဂ.."
"Y Shopping Mall....အဲ့နေရာ မဟုတ်ရင် ငါမလိုက်ဘူး"
"ကဲပါ...သခင်လေးသဘောပါ...ကျွန်တော်မျိုး မင်းဆက်က လိုက်နာပါ့မယ်..."
ဆွေးနွေးပွဲပြီးသွား၍ သူတို့ကားလေးသုံးစီးက ဝိုင့်စံအိမ်ကနေထွက်လာခဲ့ကြသည်....
ဝိုင်သွေးသစ်ဆိုတဲ့သူက..ယနေ့ခေတ် Top ဖြစ်တဲ့ Y Group ရဲ့ တဦးတည်းသော ဆက်ခံသူ.....ဇွတ်တရွတ် တဇွတ်ထိုးဆန်ဆန် အမြဲပြုမူတတ်သောသူ...ဘယ်လောက်ပဲ စကားလာပြောနေပါစေ...သူစိတ်မပါရင် တလုံးတောင်မဟတတ်သူ...ဖခင်နဲ့လဲ အမြဲဆန့်ကျင်ဘက် တစ်အိမ်ထဲနေပေမဲ့ သုံးရက်ခာတောင်မတွေ့ဖြစ်..သူ့အဖေ အိမ်မှာရှိတဲ့အချိန်ဆို သူကတခြားသွားနေတတ်သည...်လူသူများတဲ့ နေရာတွေကို ရှောင်လေ့ရှိတဲ့သူ... ဒါကလည်းငယ်ငယ်က ရရှိခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတခုကြောင့်သာ.....
ညီ့ ဘဝကတော့ ရိုးရှင်းပါတယ်...ဖေဖေနဲ့မေမေက တက္ကသိုလ်က ဆရာဆရာမတွေ ဘိုးစဉ်ဘောင်ဆက်ချမ်းသာခဲ့တာမို့ တခြားလုပ်စရာသိပ်မလို..Y Group ရဲ့ စားသောက်လုပ်ငန်းက သူတို့မိသားစုနဲ့ဆက်နွယ်နေသည်လေ.....ညီကတော့ အနုအရွကိစ္စတွေအကုန်စိတ်ဝင်စားသည်....ချက်ရေးပြုတ်ရေးလဲရသည်...ဂစ်တာ တယော..တူရိယာ အကုန်လုံးနီးပါးကို တီးခတ်နိုင်သူ....
ဒီလိုနဲ့..သူတို့ကားလေးသုံးစီးက Y Shopping Mall ရှေ့တွင် ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်ကျသည်..
ရှေ့ဆံုး က ပြိုင်ကား အစိမ်းရောင်ပေါ်က ဆင်းလာသူက မင်းဆက်.....ပြုံးချိုသော မျက်နှာထားနဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့သူ...သူ့ပါးပြင်ပေါ်က ပါးချိုင့်လေးက ဘုရားပေးတဲ့အပိုဆုလာဘ်....မိန်းကလေးတော်တော်များများကို သူဆယ့်ငါးမိနစ်လောက် တော်ကီခြွေလိုက်ရုံဖြင့် မကြွေ သူက ခပ်ရှားရှားရယ်...မိန်းကလေးတယောက်ကို နှစ်ရက်ထပ်ပိုမတွဲတတ်သောသူ...ဒါကို သိကြပေမဲ့လဲ အဲ့နှစ်ရက်လောက်ကိုပင်တွဲတာခံချင်သော မိန်းကလေးတွေက ဒုနဲ့ဒေး....
အဝါရောင် ကားပေါ်ကဆင်းလာသူကတော့...ညီသုတ..
အမြဲ ရှပ် အင်္ကျီ ပြောင်နှင့် ဂျင်းဘောင်းဘီကိုသာ လွတ်လွတ်လပ်လပ်ဝတ်ဆင်တတ်သောသူ....ဆက်ဆံရေးကတော့ ဝိုင့်ထက်စာရင်ပြေ ပြစ်ပါသည်...ဆက်ကတော့ အဖော်အရွေကိုလွန်နေတာ.....စာအတော်ဆုံးသော ကျောင်းသားတယောက်...ပြုံးလိုက်ရင် သိပ်ကို ချစ်ဖို့ကောင်းလွန်းတဲ့သူ.....အမြဲပြုံးရယ်နေတာမဟုတ်ပေမဲ့....ပြုံးနေချိန်က ပိုများပါသည်...
နောက်ဆုံးတယောက်ကတော့....ဝိုင်သွေးသစ်...
သူကတော့ ထုံးစံအတိုင်း အနီရောင် crazy မို့ နီရဲနေသော ပြိုင်ကားလေးက သူ့အပိုင်ဖြစ်သည်...
ဆက်ဆံရေးကတော့ ဆရာ ဆရာမမပြောနဲ့ အဖေတောင် စကားပြောချင်မှ ပြန်ပြောတတ်တဲ့ သူမျိုး...သူ့မျက်နှာက ရေခဲရိုက်ထားသလိုမျိုး မရယ်မပြုံးနှင့်.....သို့ပေမဲ့ သူ့အပြုံးက မြင်တဲ့သူကို ရူးသွားစေလောက်တဲ့ အဆိပ်ပြင်းတဲ့ အပြုံးဆိုတာ....ဘယ်သူသိမှာတဲ့လဲ...ဝိုင်တခွက်လို မူးရစ်လောက်အောင် ပြုံးစေနိုင်တဲ့ သူ့နှုတ်ခမ်းတွေကို ဘယ်သူကများအေးခဲအောင် လုပ်ခဲ့တာပါလိမ့်...
ထိုနှုတ်ခမ်းတွေကို နွေးထွေး အသက်ဝင်လာအောင် လုပ်ဆောင်နိုင်မဲ့သူက...........
သူတို့သုံးယောက် ဝင်ဝင်လာချင်းပင် ဆူဆူညံညံအသံတွေကိုကြားလိုက်ရသည်..တခြားကြောင့်တော့မဟုတ်...ဒါကလဲ ဖြစ်လေ့ရှိတဲ့ကိစ္စမဟုတ်လား....ဒါကြောင့် သူအပြင်မထွက်ချင်တာ....အခုတောင် ဝိုင့်တို့ အပိုင် Shopping Mall မို့ နည်းနည်းအဆင်ပြေနေတာ တခြားနေရာဆိုရင်တော့မလွယ်...ဒီကြားထဲ ဘေးနားက ဆက်ကတမျိုး...
"Hi Baby..."
ဆက်ဘေးနားကိုရောက်လာတဲ့ မိန်းကလေးတယောက်ကို ဆက်က ခါးဖက်ကာ ပါးပြင်တဖက်ကို နမ်းလိုက်သည်..ညီရော ဝိုင်အတွက်ဒါက မထူးဆန်းတော့...
ဆက်က အဲ့လိုပါ လူတွေကိုသိပ်ဂရုမစိုက်တတ်..
မိန်းကလေးတွေနဲ့လဲ ပွေချင်တိုင်းပွေတတ်သူ..
ဆက်ရဲ့ အမေကတော့ မရှိတော့...ဖခင်ကတော့..နိုက် ကလပ် တော်တော်များများကို ပိုင်ဆိုင်သည်...
လူဆိုးဂိုဏ်း တော်တော်များများကလဲ ဆက်အဖေ၏ လက်အောက်တွင်ဖြစ်၍ တော်ရုံလူက ဆက်ကို မထိရဲကြ.....
👑👑👑👑👑👑
လွန်း....သူမနာမည်က ချစ်လွန်းစံ...
အချိန်ပိုင်းအလုပ်တွေလုပ်ကာ ဘဝကြောင်းနေရသူတယောက် ကံကောင်းထောက်မစွာဖြင့် အခု Y Group ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ Shopping Mall မှာအလုပ်ရ၍နည်းနည်းအဆင်ပြေနေတာ....သူမမှာ သူငယ်ချင်းဆိုလို့...မေကလျာ ဆိုသော သူငယ်ချင်းချောချောလေးတယောက်သာရှိပါသည်..ကလျာက သူဌေးသမီးလေ
ဆင်းရဲလို့အပေါင်းအသင်းမရှိသော သူမအပေါ်တွင် ကလျာက အစစအရာရာကောင်းပေးခဲ့သည်...အခုလဲ
ဂျူတီချိန်မို့လို့...သူမ ဆိုင်ဆီအပြေးအလွှား လာလိုက်သည်..ခုနက Toilet သွားထားသည်မို့..
"ချစ်လွန်းစံ.....မင်းဘယ်ကပြန်လာတာလဲ.."
အနောက်ကထွက်လာသော အသံကြောင့်သူမ မျက်နှာလေးရှုံမဲ့လိုက်သည်..အနောက်ကိုတော့ အတတ်နိုင်ဆုံးပြုံး၍လှည့်ကြည့်လိုက်သည်..
"ရှင် ဂျာကြီး...လွန်း Toilet ခဏသွားတာပါ.."
"အေး ညည်းကဝန်ထမ်းသစ်နော် ရေသာခိုဖို့မကျန်နဲ့.."
"ဟုတ်..."
အဲ့လိုပါ...သူမအတွက် မျက်နှာမြင် ထုရင် အသံကြားအော်ချင်ပါစေ ဆိုသော ဆုနဲ့ပြည့်ခဲ့လားမသိ ဘယ်နေရာရောက်ရောက်အကောင်းအပြောမခံရ...
သူမနာမည်က ချစ်လွန်းစံပေမဲ့ တယောက်မှ ကြင်ကြင်နာနာမခေါ်ခဲ့ဖူးပါ....ကလျာပတော့ 'စံ' လို့ခေါ်သည်..သူမဘဝမှာ လွန်းက စံထားရသည့် သူငယ်ချင်းကောင်းလို့ရည်ရွယ်သည် တဲ့လေ...လွန်းမှာက မိဘတွေမရှိတော့ပါ..ကိုယ့်ဘဝကိုတယောက်ထဲရုန်းကန်နေရသည်..ဒီအလုပ်က ဆင်းချိန်ဆိုရင် ကလပ်တခုမှာ အချိန်ပိုင်းစားပွဲထိုးဝင်လုပ်သည်...ဒါမှ သူမဘဝလေးချောင်လည်တာလေ ကလျာ့ဆီကပဲ အမြဲအကူအညီမလိုချင်...
ထိုအချိန်....
"သ..သခင်လေးတို့ မင်္ဂလာပါ.. "
သူမအနီးကဂျာကြီးက ပြောရင်း ခါးကိုညွှတ်လိုက်သည်...သူမဘေးနားကိုကြည့်တော့လဲ အကုန်လုံးက အရိုသေပြုနေတာမို့....သူမလဲခေါင်းငုံလိုက်သည်...
သူမနားမှာလာရပ်သော ခြေအစုံ..
ရေမွှေးနံ့က မွှန်ထူလို့...ခေါင်းတောင်မူးချင်သွားသည်..ယောကျာ်း ခြေထောက်သုံးစုံနဲ့ ရှူးဖိနပ် အနီရဲရဲကို စီးထားသော မိန်းကလေးခြေတစုံ....ထိုစဉ် ဂျာကြီးက..
"သခင်လေး တို့ ဘာများအလိုရှိပါသလဲ..."
ဝိုင်က အနီးမှာ ရှိတဲ့ ဆိုဖာမှာ အနောက်မှီ၍ ထိုင်လိုက်ပြီး...
"ဆက်...မင်းလိုချင်တာ မဟုတ်လား...ပြောလိုက်.."
သူထိုမျှပြောပြီး မဂ္ဂဇင်းတစ်အုပ်ကို ယူကာ ဖတ်နေလိုက်သည်...ညီကတော့ ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ကာ...ဖိနပ်တွေလျှောက်ကြည့်နေသည်...
ဆက်က...
"မင်း...."
လက်ညှိးထိုးကာ ပြောလိုက်သည်မို့အကုန်လုံးခေါင်းထောင်ကြည့်လိုက်တော့ သူ့လက်ညိုးက သူမအနောက်က နိုးနိုးကို သူမလှည့်ကြည့်ပြီး ပြန်လှည့်တော့ ဒီတခါ လက်ညိုးက သူမဆီ....
"ပြီးတော့ မင်း...ဒီနှစ်ယောက်ပဲ နေခဲ့ ကျန်တဲ့ လူအကုန်ထွက်သွား..."
"ရှင်..."
"မကြားဘူးလား..."
"ဟုတ်..ကြား...ကြားပါတယ် သခင်လေးဆက်....နင်တို့နှစ်ယောက်....နေခဲ့ သခင်လေးတို့ သဘောကျအကုန်လုပ်ပေးလိုက်...."
"ဟုတ်ကဲ့..." "ဟုတ်ကဲ့..."
👑👑👑👑👑
"ဟို ဖိနပ်..."
"ဟိုနားက.."
"ဟို အညိုရောင်လေး.."
ကြာနေပါပြီ...တော်တော့ကိုကြာနေပြီ...အခုထိအပြီးနိုင်သေး..တစ်နာရီလောက်ရှိနေပြီလေ..လွန်းက သူညွှန်သမျှ ယူပေးရသည်...ဟိုတယောက်ကတော့ စီးပေးရသည်..အဲ့သခင်လေးဆိုတဲ့လူက အကြိုက်မတွေ့သေးဘူးလားမသိ...ရူးတောင်ရူးချင်လာပြီ....လွန်းစိတ်လဲမရှည်ချင်တော့...တယောက်ကတော့ ဆိုင်အနှံ့ ဖိနပ်တွေကို လိုင်ကြည့်နေသည်..ထိုလူ့မျက်နှာကအေးချမ်းလွန်း၍ လွန်းသူ့ကိုခဏခဏခိုးကြည့်မိသည်..နောက်တယောက်ကတော့ ရောက်လာကတည်းက ဆိုင်ပြီးစာဖတ်နေတာ အခုထိမထသေး လွန်းလဲ သူ့မျက်နှာကို မတွေ့ရပါ စာအုပ်နဲ့ကွယ်နေသည်မို့....
"ရပြီ....ညီ့ ဒါလေးအဆင်ပြေလား.."
"အင်း..."
"ဒါဆို ဒါပဲယူတော့မယ်.."
....အမယ်လေး တော်ပါသေးရဲ့ အကြိုက်တွေ့ပြီ... လွန်းသက်ပြင်းချလိုက်သည်..
"ဆက် ပြီးပြီမဟုတ်လား..ပြန်မယ်.."
စာအုပ်နောက်က အမိန့်ပေးသံလိုလို ထွက်လာတာကြောင့်လွန်း လှမ်းကြည့်လိုက်သည်..အခုထိ မျက်နှာရှေ့က စာအုပ်မခွာသေးတာမို့ မမြင်ရ....
ထိုစဉ်...
"ကိုကို...ဟန်နီ့ကိုလည်း...ဝယ်ပေးဦးလေကွာ...ကိုကိုပဲ မနေ့က ကတိပေးထားပြီးတော့.."
"ဝယ်ပေးမှာပေါ့ ဟန်နီရဲ့..."
"ဆက်...ငါ မင်းနောက်ကို လိုက်လာတာတောင် မကောင်းတတ်လို့နော် ညီ ဝင်ပြောနေလို့..မင်း စော် ဖိနပ်ရွေးဖို့အထိ ငါ့အချိန်တွေဖဲ့ မပေးနိုင်ဘူး.."
စာအုပ်နောက်က အသံထပ်ထွက်လာပြန်သည်...လွန်း ထို့လူ့မျက်နှာကိုတောင် မြင်ဖူးချင်လာမိသည်..
"ခဏလေးပါ ဝိုင်ရာ..နော်...ဟန်နီ မြန်မြန်ရွေး.."
"အွန်းပါ...ဟိုတယောက်...ဟိုက ကြိုးသိုင်းအနီရောင် ဖိနပ်လေးယူလာပေးပါ.."
လွန်းကို လက်ညှိးထိုးလာသည်မို့ လွန်းသွားယူပေးလိုက်သည်....လွန်း...နိုးနိုးလက်ထဲကိုထည့်ပေးလိုက်သည်..
နိုးနိုးက စီးပေးဖို့ပြင်တော့...
"No...You မဟုတ်ဘူး...ဟိုတယောက်.. လာစီးပေး.."
တမင်သပ်သပ်ကြီးလွန်းကို လှမ်းခေါ်ကာ စီးခိုင်းနေတာ ဒါလွန်းတာဝန်မှ မဟုတ်တာ...လွန်းက စာရင်းပိုင်းတာဝန်ယူရတာလေ....ဒါပေမဲ့ သူတို့က အရှိန်အဝါကြီးပုံရသည်..ဂျာကြီးတောင် ရို့ကျိုးနေတာလေ သူတို့အကြိုက်လိုက်ဖို့ ဆုံးဖြတ်လိုက်..မဟုတ်ရင် အလုပ်ပြုတ်နိုင်တယ်လေ.....
လွန်း သူ့ရှေ့ကို ဒူးလေးတဘက်ထောက်ဖို့ပြင်လိုက်သည်....အဲ့မိန်းမက ဖိနပ်တောင်မချွတ်ပေးဘဲနေနေသည်...လွန်းမော့ကြည့်တော့ လွန်းကို ရှုံ့ချသလို ကြည့်ကာ..
"နင်ချွတ်ပေးလေ...."
လွန်းစိတ်တိုသွားမိသည်.....သို့သော် ဒေါသကိုချုပ်ထိန်းလိုက်သည်
လွန်းရဲ့လက်တွေက သူ့ရှူး ဖိနပ် နီနီရဲရဲဆီသို့အရောက်...
"ကျမမလုပ်ပေးနိုင်ဘူး..."
လွန်းပြောရင်း ထရပ်လိုက်သည်....
ဆက်ရန်.....
ဘာတွေဆက်ဖြစ်မလဲ မျှော်ကြပါဦးနော်..
အခုအပိုင်းက ဇာတ်ကောင်မိတ်ဆက်တွေများသွားတာမို့
နောက်အပိုင်းကြမှ အများကြီးရေးပေးမယ်နော်
#ပိုးစုန်းကြူး
3.3.2019
8:50 pm
♥♥♥♥♥♥♥♥

Leave a Comment