💔အမုန်းမှာ ရက်စက်၍ မေတ္တာမှာ ရောင်ပြန်နေသည်💔(Ep-1)

💔အမုန်းမှာ ရက်စက်၍ မေတ္တာမှာ ရောင်ပြန်နေသည်💔
     💔                                                           💔
          💔💔💔💔💔💔💔💔💔💔

    Part-(1)

" Hey..!!စန္ဒာဒေဝီ နင်လာတယ်နော်..အခုလို ငါ့ပါတီကို
အရဲစွန့်ပြီး တတ်ရောက်ပေးတဲ့အတွက် ငါနင့်ကို
ကျေးဇူးအများကြီးတင်ပါတယ်..."

"အင်းပါ..ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့
ပါတီပွဲဘဲ ငါလာရမှာပေါ့.."

ငွေကြေးချမ်းသာတဲ့သူရဲ့ပါတီပွဲဆိုတော့ မိဘအသိမိတ်ဆွေ သူငယ်ချင်းတွေကလည်း အများကြီးတတ်ရောက်ကြတာမို့
တစ်ခါမှ လူအများကြီးကြားထဲမသွားဖူးတဲ့ သူမအတွက်တော့ ဒူးတွေတုန်ကာ ကြောက်စိတ်တွေက သူမစိတ်ကိုလွှမ်းမိုးနေ၏

"အဟီးးဟီးးးအဲ့ဒါကြောင့်
အရမ်းချစ်နေရတာ မွ.."

"အွန်…ဟုတ်ပါပြီ ဟုတ်ပါပြီ.."

"ဒါဆို သူငယ်ချင်း ဒီမှာ အေးဆေးနေပြီးမှ ပြန်ရမယ်နော်..
နောက်ကျရင် ငါကိုယ်တိုင်လိုက်ပို့ပေးမယ် အခုတော့
ငါချစ်ချစ်နဲ့မိတ်ဆက်ပေးဖို့ သွားခေါ်လိုက်အုန်းမယ် "

"အင်းပါ အဟီးးဟီးးး"

" ဝိုင် သုံးဆောင်ပါအုန်းရှင့် "

"အမ်..ကျွန်မ ဝိုင်မသောက်တတ်ဘူး "

"ဒါဆို အချို ရည်လေး သုံးဆောင်ကြည့်ပါရှင့် လက်ဆက်တဲ့
သစ်သီးတွေကို အထူးပန်ထွယ်ဖျော်ထားတာပါရှင့် "

"ဟုတ်ကဲ့ ကျေးဇူးပါနော် "

"ဟုတ် ရပါတယ်ရှင့် "

ကမ်းပေးလာတဲ့ လက်ဆက်တဲ့သစ်သီးခွက်ကိုကိုင်ကာ ထိုနေရာမှ သူမဆက်ရပ်နေခဲ့သည် သိပ်မကြာခင်မှာဘဲ သူငယ်ချင်းဖြစ်တဲ့
ဧကရီက ခပ်သန့်သန့် လူကြီးလူကောင်းတစ်ယောက်လိုဝတ်စားထားတဲ့
အမျိုးသားတစ်ယောက်နဲ့သူမဆီသို့ရောက်လာခဲ့သည်

"စိတ်ရှုပ်နေပြီလား! သူငယ်ချင်း "

"အင်..ဒီလိုပါဘဲ "

"အော်..ငါနင့်ကိုမိတ်ဆက်ပေးရအုန်းမယ်
ဒါက..ငါ့ရဲ့ချစ်သူ ကိုဘုန်းနေခန့် တဲ့ "

ဧကရိပြုံးစိစိမျက်ခုံးပင့်ပြကာ မိတ်ဆက်ပေးနေတော့ ဖုန်းပြောဖြစ်တဲ့
အချိန်တိုင်း ထိုလူအကြောင်း အမြဲပါနေတာကို သူမသိလိုက်သည်

"ကိုယ် ဒါက ဧကရီရဲ့အချစ်ဆုံးသူငယ်ချင်း စန္ဒာဒေဝီ တဲ့ "

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် "

"ဟုတ် ကျွန်မလည်း ဝမ်းသာပါတယ် "

"စန္ဒာဒေဝီအကြောင်းကိုတော့ ဧကရီက ပြောပြောဖြစ်နေလို့ ကျွန်တော်တောင်ရင်းနှီးသလို ဖြစ်နေပါပြီ "

"အော့…ဟုတ်လား!ဧကရီ နင်ဘာတွေ လျှောက်ပြောနေ
တာလည်း! ငါမကောင်းအကြောင်းကို ကွယ်ရာမှ အတင်းသုတ်နေတယ်ပေါ့လေ ဟုတ်လား!! "

"ဟာ…အတင်းလို့တော့ မပြောပါနဲ့ အာမေရိကမှာ
ငါနင်နဲ့ဝေးနေတော့ သတိရတဲ့စိတ်နဲ့ ကိုယ့်ကိုရင်ဖွင့်မိတာပါ "

"အဟားးဟားးးဟုတ်ပါတယ်ဗျာ ဧကရိစန္ဒာဒေဝီရဲ့မကောင်းကြောင်းကို ဘာမှမပြောပါဘူး..စန္ဒာဒေဝီက ဘယ်လောက်ထိအနေအေးတယ် ဘယ်လောက်ထိ သုတေသနကိုစိတ်ဝင်စားပြီး လိမ္မာရေးခြားရှိတယ် ပြီးတော့ သူငယ်ချင်းအရမ်းဂရုစိုက်တတ်ပြီး ကြင်နာတတ်တာကို အမြဲထည့်ပြောနေတာပါ "

"ဟွန့်…ဒါဘဲပြောတယ်ဆိုတာ သေချာလို့လား! "

"သေချာပါတယ်ဗျာ.."

"အဟီးးးဟီးးးးးကိုယ့်တွေ့တယ်မလား!
လူကိုမယုံတင်ကာနဲ့ မေးနေလိုက်တာများ"

ဧကရီစသလိုလို နောက်သလိုလိုပြောမှမျက်စောင်းနဲ့ကြည့်နေတဲ့ စန္ဒာဒေဝီရဲ့မျက်နှာ အပြုံးရောင်တန်းလာခဲ့သည် ထိုအချိန် ပါတီပွဲမှ
လူတွေ ပျော်ရွှင်စွာကခုန်နိုင်ရန် လျှပ်လျှပ်ထနေတဲ့မီးရောင်စုံများနှင့်
Dj Musicအလန်းစားကို ဖွင့်လိုက်သည်

"စန္ဒာဒေဝီ ငါတို့နဲ့အတူသွား ကရအောင်လေ "

"ဟာ…မကချင်ပါဘူး.. ရှက်စရာကြီး က ချင်
နင်တို့နှစ်ယောက်သာ အတူသွားက ငါ့ကိုလာမခေါ်ပါနဲ့ "

"ဟင်း...! "

"ကဲ့ပါ..ဧကရီကလည်း ကိုယ့်သူငယ်ချင်းအကြောင်းလည်း
မသိတာကြလို့ အခုတောင် သူဘယ်လောက်ထိစိတ်ရှုပ်နေမလည်း ကိုယ်တို့ဖာသာ သွားကရအောင်နော် "

"ဟွန့်..ဒါဆိုလည်း ပြီးရော ဧကရိက အကောင်းနဲ့
သူပျင်းနေမှာစိုးလို့ ခေါ်ပေးတာကို "

"ငါနားလည်ပါတယ် ဒါပေမယ့် ငါမှ မကတတ်တာ
 နင်နဲ့ ကိုဘုန်းနေခန့်နဲ့ဘဲ သွားကလိုက်ပါနော်.."

"အဟီးးဟီးးးအဲ့ဆို နင်ဒီမှာစောင့်နေနော် "

" အိုခ "

===============>>>*

"သခင်လေးခွန် ဟုတ်ပါတယ်နော် "

ဘောင်းဘီအိတ်လက်နှစ်ဖက် နှိက်လျက်သား သူ့နာမည်ကို
လာမေးလာတဲ့လူဘက်ကို ကိုယ်အနေအထားတစ်စောင်းကာ
လှည့်ကြည့်လိုက်သည်

"ကျွန်တော်က မြတ်သော်တာCompanyကပါ သခင်လေးခွန်နဲ့စကားနည်းနည်းလောက်ပြောချင်လို့
ကျွန်တော်ကို အချိန်ခဏလောက်ပေးလို့ရမလား! "

သခင်လေးခွန် (ခေါ်)ခွန်သခင် သူ့ဘေးမှာရပ်နေတဲ့ လက်ထောက်
တစ်ယောက်ကို မျက်နှာတစ်ချက်လွှဲပြလိုက်တော့ ထိုလက်ထောက်က…

"စိတ်မရှိပါနဲ့ လူမင်းကြီး ကျွန်တော်တို့သူဌေးနဲ့ လုပ်ငန်းကိစ္စဆွေးနွေးချင်ရင် သူဌေးရုံးခန်းကိုလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ် "

"အော်…ဒီလိုလား! Sorryပါ ကျွန်တော်တကယ့်ကို
လူမူရေးမသိတတ်ဘူး ဖြစ်သွားတယ် "

ထိုအချိန် မီးရောင်စုံအလင်းတန်းတွေဖြန်းပက်နေတဲ့ ကာဝန်အဖြူ ရောင်လေးနဲ့အေးချမ်းစွာ ရပ်နေတဲ့ သူမကိုမြင်သွားတော့ သခင်လေး (ခေါ် )ခွန်သခင် တစ်ယောက် အတိတ်ကသူမ သူ့ကိုပစ်ထားခဲ့တဲ့
အကြောင်းတွေပြန်တွေးရင်း ဒေါသထွက်တယ်ပြောရမလား! အနှစ်နှစ်အလလရှာခဲ့တဲ့ အချိန်တုန်းကတော့ ပျောက်ချက်သား ကောင်းနေပြီးမှ အခုလိုရုတ်တရက် မထင်မှတ်ထားတဲ့အချိန်မှာ တွေ့လိုက်ရတော့ သူဝမ်းသာဘဲနဲ့မနေနိုင် သူမဆီသို့လျှောက်
လာခဲ့သည်

"တူးးးတူးးးးတူးးးးးး"📲

📱ဟဲလို ဖေဖေ📱

📱……………📱

📱ဟုတ် သမီးခဏလေးနေပြီးရင်
ပြန်လာခဲ့ပါ့မယ်📱

📱……………………📱

📱အော့..နေပါစေ ဖေဖေ ဧကရိလည်း လိုက်ပို့ပေးမယ်ပြောတယ်
  ဖေဖေ ဘာမှစိတ်မပူနဲ့နော်..ဦးမောင်စိုးကိုလည်းလာမကြိုခိုင်းနဲ့တော့ သမီးကားငှားပြီးဘဲ ပြန်လာခဲ့ပါ့မယ်📱

===============>>>>*

သခင်လေး (ခေါ် )ခွန်သခင် ခုနကသူမရပ်ထားတဲ့နေရာကို ရောက်သွားတော့ သူမကမရှိထားပေ။ ထိုအခါ ခွန်သခင်တစ်ယောက် ပြာများရပြန်သည်။ အရှေ့အနောက် တောင်မြောက် အရပ်လေး
မျက်နှာကို လိုက်ကြည့်ရင်း Dj Musicသံတွေနဲ့ဝေးတဲ့တစ်နေရာမှ ကျောဘေးရပ်ပြီးဖုန်းပြောနေတဲ့ သူမကိုတွေ့လိုက်ရသည်

📱ဖေဖေ အိပ်ယာဝင်ခါနီး ဆေးသောက်ဖို့လည်းမမေ့နဲ့နော်.. သမီးပြန်လာရင် နိုးပြီးလာတိုက်မှာ အဟီးးးဟီးးးးး📱

📱…………📱

📱ဟုတ် ဖေဖေ အဲ့ဆိုဒါဘဲနော်📱

သူမဖုန်းပြောလို့လည်းအပြီး ရုတ်တရတ်အနောက်မှ သူမခါးကိုတင်းကြပ်စွာ ဖက်သွယ်လာသလို ခံစားလိုက်ရ၏

"အ..ဘာလုပ်တာလည်း! "

သူမနောက်ကျောမှခွန်သခင်ရဲ့အနမ်းတွေက သူမရှင်းလင်းနေတဲ့ လည်ကတိုင်အောက်သို့ဝင်လျှိုလာခဲ့တော့ သူမတုန်လှုပ်ကြောက်ရွံ့
သွားကာ ခါးမှဖက်ထားတဲ့သူ့ရဲ့လက်ကို အတင်းဆွဲဖြုတ်လိုက်သည်

" ဖြန်း "

သူမကြောက်အားလန့်အားရိုက်လိုက်တဲ့ ပါးပြင်ပိုင်ရှင်ကို ကြည့်လိုက်မှ ဧကရိချစ်သူလိုဘဲ လူကြီးလူကောင်းပုံစံမျိုးနဲ့သေသပ်ခန့်ညားပြီး
ယောကျာင်္းပီသတဲ့သူတစ်ယောက်ကို သူမတွေ့လိုက်သည် သူရဲ့
တစ်ဖြန်နီရဲသွားတဲ့ မျက်လုံးစိမ်းတွေကြောင့် သူမပိုကြောက်သွား၍ ထွက်ပြေးဖို့အချိန်တောင်မရလိုက် ခွန်သခင် သူမကိုယ်လေးကို ကော်ဖက်ရုပ်လေးတစ်ရုပ်လိုပြန်ဆွဲယူကာ သူမပန်းဆီရောင်လေးတန်း
နေတဲ့ နှုတ်ခမ်းပါးလေးကို စုပ်နမ်းခြိုက်ယူပစ်လိုက်သည်

"အွင်းးးအင်းးးးးးး "

" ဖြန်း "

တစ်သတ်တစ်ကိုယ် ဘယ်ယောကျာင်္းရဲ့အနမ်းမှမခံဖူးတဲ့ သူမ ဒုတိယအကြိမ် ခွန်သခင်ရဲ့လက်ကျန်ပါးတစ်ဖက်ကို
လွှဲရိုက်ပစ်လိုက်ကာ အားပြင်းတဲ့ရိုက်ချက်တွေကြောင့် ခွန်သခင်ဆတ်တောင် လည်ထွက်သွားခဲ့သည်

"ရှင် ဘယ်လိုယောကျာင်္းမျိုးလည်း! ကျွန်မကို ဘယ်လို
မိန်းမစားမျိုးထင်လို့ ရှင်တွေ့သမျှပက်သတ်ဖူးခဲ့သမျှ
မိန်းမတွေလို ကျွန်မကိုလာဆက်ဆံနေရတာလည်း!
ရှင့်မိဘတွေ မဆုံးမထားဘူးလား!"

သူ့အတွက်တော့ သူမရဲ့လှပတဲ့စကားလုံးတွေက
အထူးဆန်းကြီးဖြစ်ပေမယ့် ဟာသအလွန်မြှောက်လွန်းရာကျနေသည်

"အဟက်..ငါနဲ့တွေ့ဖူးသမျှ ပတ်သတ်ဖူးသမျှမိန်းမက မင်းတစ်ယောက်ဘဲရှိတယ် မင်းကသာ
ငါတစ်ယောက်တည်းထဲနဲ့ မလုံလောက်လို့ငါ့ကိုပစ်ထားခဲ့တာ "

"ဘာ..!! "

"အခုမှ လာဟန်ဆောင်ပြမနေနဲ့ ဒီအနမ်းလောက်နဲ့
မင်းဘာမှဖြစ်မသွားပါဘူး..ကိုယ်တို့နှစ်ယောက်ကြားမှာ
ဒီထက်ပိုတဲ့ကိစ္စတွေတောင် ဖြတ်သန်းခဲ့ဖူးသေးတာဘဲ "

"ဟမ်!! "

သူပြောနေတာတွေ တစ်ခုမှသူမနားမလည်း သူ့နဲ့ပတ်သတ်ဖူးဖို့
နေနေသာသာ အခုမှသူ့ကိုပထမဦးအကြိမ် တွေ့ဖူးချင်းဖြစ်သည်

"ရှင် ဘာတွေလာပြောနေတာလည်း!
ရှင်ပြောနေတာတွေ တစ်ခုမှကျွန်မနားမလည်ဘူး"

"မင်းနားလည်သွားအောင် ကိုယ်သင်ပေးမယ် "

"ဟာ..အွင်းးးအင်းးးးရှင် လွှတ်နော်..လွှတ်"

သူပြောရင်း သူမခါးမှဆွဲယူကာ သူ့ခန္ဓာကိုယ်နဲ့ကြားခံနယ်မရှိအောင်
ဆွဲဖက်ရင်း သူမလည်ကတိုင်ဘယ်ညာနှစ်ဖက်ကို ရွေ့နမ်းလိုက်သည် တစ်ခါမှအနမ်းမခံဖူးတဲ့သူမ လည်ကတိုင်မှသူ့အနမ်းတွေကြောင့် ကလိကလိဖြစ်ကာ ဘယ်လိုမှမနေတတ် တစ်ကိုယ်လုံးလည်း
ပူထူလာပြီး ဒေါသတွေထွက်ကာ ဘယ်လိုမှရုန်းထွက်လို့မရတဲ့
အခြေအနေတစ်ခုမှာ ခွန်သခင်ရဲ့ခြေထောက်ကို သူမစီးထားတဲ့
ဒေါက်ချွန်ဖိနပ်နဲ့တတ်နှင်းပစ်ကာ ထွက်ပြေးသွားသည်

"အ..အာ…"

 ခွန်သခင် သူ့နာနေတဲ့ခြေထောက်ကို ကိုင်ရအောင်မကောင်း
ထိရအောင်မကောင်းနဲ့နာနေချိန် သူ့ဘောင်းဘီအိတ်မှဖုန်းကို
ချက်ချင်းထုတ်လျက် သူ့လက်ထောက်ဆီ အမြန်ဖုန်းလှမ်းဆက်
လိုက်သည်

📱ဟဲလို သခင်လေး📱

📱အရှေ့အပေါက်ဝကို ကာဝန်အဖြူ ဝတ်ထားတဲ့
မိန်းခလေးတစ်ယောက် ပြေးထွက်လာရင် သူ့ကိုသေချာစောင့်ကြည့်ထား ငါအခုလာခဲ့မယ် 📱

📱ဟုတ်ကဲ့ သခင်လေး 📱

ခွန်သခင်ပြောသည့်အတိုင်း ကာဝန်အဖြူ ဝတ်ထားတဲ့
သူမတစ်ယောက် ကပြာကပြာနဲ့ထိုပါတီပွဲမှ အမြန်ပြေး
ထွက်လာကာTaxiကားတစ်စီးကို လက်လှမ်းတားလိုက်သည်

"ချလောက်..ဒုန်း "

"ကျွန်တော် ဘယ်ကိုမောင်းရမလည်း! မိန်းခလေး "

"အ အရင်ဆုံး ဒီနေရာက အမြန်မောင်းသွားပေးပါ "

"ဟုတ် ဟုတ်ကဲ့ ''

"ဝူးးးဝူးးးးးး "🚕

"ဝူးးးးကျစ်…"🚐

"ချလောက်..ဒုန်း "

"အဲ့ကားနောက် မျက်ခြေမပြတ်စေနဲ့အမြန်လိုက် "

"ဟုတ်ကဲ့ပါ သခင်လေး "

==============>>>>*

"မိန်းခလေး ဘာလုပ်လာလို့ ဒီလောက်ထိ
တုန်လှုပ်ခြောက်ခြားနေရတာလည်း! "

"ရှင်…ကျွန် ကျွန်မဘာမှမလုပ်လာပါဘူး..ဒီပါတီပွဲက ကျွန်မအချစ်ဆုံးသူငယ်ချင်းရဲ့ပါတီပွဲပါ "

"အော်…ဟုတ်လား! ဒါပေမယ့် ကျွန်တော်တို့ကားနောက်ကို အနောက်ကကားတစ်စီးက လိုက်နေသလိုဘဲနော် "

"ရှင်.."

Taxiသမားအသိပေးမှ သူမကားအနောက်ကိုလှည့်ကြည့်လိုက်သည်

"ဟာ..ဦးလေး ဦးလေးမြန်မြန်မောင်းပေးပါနော်..
သူတို့ကျွန်မတို့ကားကို မှီလို့မဖြစ်ဘူး..လူတစ်ယောက်က ကျွန်မကိုလိုက်နှောက်ယှက်နေလို့ ကျွန်မထွက်ပြေးလာတာ "

"အရမ်းကြီးလည်း စိတ်မပူပါနဲ့မိန်းခလေး သူတို့ကားက ကျွန်တော်ကိုကားကိုကျော်တတ်မှာမဟုတ်ပါဘူး..ကျွန်တော် မိန်းခလေးကို အိမ်အထိအရောက်အောင်မောင်းပို့ပေးမှာပါ့မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါနော် "

"ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး "

>>>>>>>>>=======¢¢¢¢*

"ကျစ်…ကျစ်…."🚕

"ဦးလေး ပက်ဆံပြန်မအမ်းနဲ့တော့ "

"ချလောက်..ဒုန်း "

"ဝူးးးးး "🚕

Taxiသမားလည်း သူမကိုအိမ်ရှေ့အထိပို့ပြီးတော့ ပြန်သွားသည် သူမလည်း ခက်သွက်သွက် ခြံတံခါးကိုဖွင့်မယ်ကြံခါစ ခွန်သခင် ရောက်လာပြီး သူမလက်ကို ဆွဲကာ ဖက်နမ်းပစ်သည်

"အာ…အွင်းးးးးအွင်းးးး"

ခုနက သူ့အနမ်းကြမ်းကြမ်းတွေကြောင့် သူမနှုတ်ခမ်းနာကျင်ဆဲပင်။ လူစိတ်မရှိတဲ့အနမ်းတွေကြောင့် အခုတစ်ခါ သူမပြန်နာကျင်ရပြန်သည်

"မင်း ငါ့လက်ထဲက လွှတ်မယ်များ မင်းထင်နေသလား!
ခွန်သခင်တဲ့! တစ်ခါဘဲ အရူးလုပ်ခံမယ် နှစ်ခါအရူးလုပ်ခံရအောင် ငါကအချဉ်မဟုတ်ဘူး "

"အ…ရှင် ကျွန်မလက်ကို လွှတ်ပါ..နာနေပြီ ရှင်ပြောနေတွေ ကျွန်မဘာတစ်ခုမှ နားမလည်ဘူး..ကျွန်မရှင့်ကိုသိလည်းမသိဘူး ကျွန်မလက်ကိုလွှတ်ပါနော်.. ကျွန်မတောင်းပန်ပါတယ် "

"မင်းအတိတ်မေ့သလို ရွှေပျောက်သလိုလို လာလုပ်ပြမနေနဲ့
ငါရိုးနေပြီ မင်းငါ့ကိုလှည့်စားနေတာတွေလည်း တော်လိုက်တော့ တစ်ချိန်ကမင်းနဲ့ငါနဲ့ချစ်ခဲ့ကြတဲ့ မျက်နှာကိုလည်း မင်းထောက်ပါအုန်း "

"ဟင်..!! "

ထိုအချိန် ခြံထဲဆင်းလာတဲ့ ဖေဖေကိုမြင်တော့  ဒီအချိန်ကြီး
သူစိမ်းယောကျာင်္းတစ်ယောက်နဲ့ အတူရှိနေတာသိရင် သူမကိုအထင်မှားမည်ကို စိတ်ပူရသည် အိမ်ရေးရေးပြိုလဲထားတဲ့
မိသားစုမို့ပြေးကြည့်မှ သားဖနှစ်ယောက်တည်းရှိ၏ မကြာသေးခင်
နှစ်ဦးပိုင်းလောက်ကလည်းဘဲ အဖဖြစ်သူကစီးပွားရေးက တဖြည်းဖြည်းနဲ့ထိုးဆင်းလာခဲ့တော့ ဒီစိတ်နဲ့ကျန်းမာရေးထိခိုက်လာခဲ့
တာ အခုချိန်ထိတရှောင်ရှောင်နဲ့ပင်။ထိုကြောင့် အထည်ကြီးပျက်ဖြစ်
ပေမယ့် သူမအတွက်နဲ့ဖေဖေကို နောက်ထပ်စိတ်ဆင်းမရဲစေခြင်။

"ဟာ..ဖေဖေ ဖေဖေလာနေပြီ..ရှင် ရှင်ကျွန်မလက်ကို လွှတ်ပါနော်..ကျွန်မဖေဖေသိရင် ကျွန်မကိုစိတ်ဆိုးလိမ့်မယ်..ကျွန်မဖေဖေက ကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဖူး..ရှင်ပြောချင်နောက်မှပြောပါ ကျွန်မနားထောင်ပေးပါ့မယ် အခုတော့ ရှင်ပြန်ပါတော့နော်.. ကျွန်မတကယ်တောင်းပန်ပါတယ် အဟင့်..ဟင့်…"

သူမအဖေ ခြံရှေ့ကိုလာနေသည်ကို သူသိပေမယ့် လက်မလွှတ်ချင် သို့သော် ငိုမဲ့မဲ့ဖြစ်ကာ ထပ်ခါထပ်ခါတောင်းပန်နေတဲ့သူမကို သနားစိတ်နဲ့သူမလက်ကို လွှတ်ပေးလိုက်သည်

"ဒီမှာ ငါရဲ့ကဒ် မနက်ဖြန် မင်းအဆင်ပြေမယ့်အချိန်
ငါ့ဆီကိုဆက်သွယ်ပါ မဆက်သွယ်လို့ကတော့ မင့်အိမ်အထိလိုက်လာခဲ့မယ် "

"ဟုတ် ဟုတ်ကဲ့ပါ ကျွန်မ ဆက်သွယ်ပါ့မယ်နော် "

"မင်းမဆက်သွယ်လို့ မရဘူးလေ ကိုယ်နဲ့မင့်အကြောင်းတွေကို
မင့်အဖေကိုပြောပြလိုက်ရင် မင့်အဖေရဲ့လိပ်ပြာတောင်
သူ့ကိုယ်မှာကပ်နေမယ်လို့ မင်းထင်လို့လား! "

"ရှင်…"

`O´~` O´~`O´~`O´~`O´~`O´~>>>>*

သူထွက်သွားပြီးခဏကြာတော့ သူမဖေဖေက
ခြံတံခါးကိုလာဖွင့်ပေးသည်

"သမီး ခုနက ခြံရှေ့မှာ ဘယ်သူနဲ့
စကားရပ်ပြောနေတာလည်း! "

"အော့…ဧကရီနဲ့ပါဖေဖေ သူ့ချစ်သူနဲ့အတူ သမီးကို
လိုက်ပို့ပေးတာပါ ညဉ်းနက်နေပြီမို့ အိမ်ထဲမဝင်တော့တာပါ "

"အော်..အေအေ ဝင်လာလေ သမီး
ဘာရပ်လုပ်နေတာလည်း! "

"ဟင်..အမ်...ဖေဖေစကားပြောနေလို့ နားထောင်နေတာပါ "

"လာ အမြန်အိမ်ထဲဝင် အပြင်မှာက အေးတယ် "

"ဟုတ် ဖေဖေ "

==============>>>>*

သူမခြံထဲဝင်သွားသည့်အထိ ကားထဲမှမျက်စိဒေါက်ထောက်
ကြည့်နေတဲ့ ခွန်သခင် ဒီညတော့ တစ်ချိန်ကကွဲအက်နေတဲ့
နှလုံးသားလေးတစ်စုံကို ပြန်လည်ကုသခွင့်ရခဲ့သည်

"သွားလို့ ရပြီ "

"ဟုတ်ကဲ့ "

"ဝူးးးးးးးးး"🚐

📱ဟဲလို ဧကရီ 📱

📱…………📱

📱အေ ဟုတ်တယ် ငါခေါင်းနည်းနည်းမူးလာလို့ နင့်ကိုနှုတ်မဆက်ဘဲပြန်လာခဲ့တာ
Sorryပါနော် သူငယ်ချင်း📱

📱………………📱

📱အင် နောက်မှတွေ့မယ်လေနော်📱

📱…………📱

" ဟူးးးး "

သူမ ဧကရိနဲ့ ဖုန်းပြောလို့ပြီးတော့ သက်ပြင်းကိုတစ်ချက်ချကာ
ပါတီပွဲမှ ခွန်သခင်နမ်းခဲ့အနမ်းတွေကို ပြန်မြင်ယောင်ရင်း ရှက်လည်းရှက် ဒေါသလည်းထွက်မိ၏ သူဆိုမှ ခုနကခြံရှေ့မှာ သူမကိုပေးတဲ့ ကဒ်ကိုသတိရမိကာ ပတ်ဆံအိတ်ထဲကအမြန် ထုတ်ကြည့်လိုက်သည် သူမပါးစပ်အဟောင်းသား အံ့သြမင်သက်
သွားတဲ့ မျက်လုံးတစ်စုံက တုန်လှုပ်စွာကိုင်ထားတဲ့ ထိုကဒ်ကို
စိုက်ကြည့်နေမိသည်

"ဟာ့…သူက..ကြယ်ငါးပွင့် ဟိုတယ်ပိုင်ရှင် ခွန်သခင်..!! "

ကြယ်ငါးပွင့် ဟိုတယ်ဆိုသည်မှာ နိုင်ငံတကာအဆင့်မှီ ထိပ်တန်းဝင်စရင်းကအပါအဝင် ဘာလိုလုပ် သူ့လိုသူဌေး
တစ်ယောက်က သူမကိုအခုလိုလာ အကြပ်ကိုင်
ခြိမ်းခြောက်နေမှန်း သူမနားမလည် လူမှားရအောင်လည်း သူ့ဆီကအရက်နံ့ကမရပေ။ မနက်ဖြန် သူ့နဲ့ထပ်ဆုံရမယ်ဆိုတဲ့
စိတ်ကသူမကိုတုန်လှုပ်ခြောက်ချားစေသည်

"ဒေါင်း.. "🍺

ဝီစကီခွက်ထဲ ရေခဲပြစ်ချလိုက်တဲ့ အသံက တိတ်ဆိတ်နေတဲ့ညချမ်းမှာ ပဲ့တင်သံအဖြင့် ထွက်လာခဲ့သည် ရေခဲထည့်ထားတဲ့ ထိုဝီစကီခွက်ကို လည့်ကျင်းကာ ကျင့်သားရနေတဲ့ အာကတွင်းထဲသို့အရောက် ခွန်သခင် မော့ချပစ်လိုက်သည်

"တူးးးတူးးးးးးးး"📲

📱ဟဲလို📱

📱သခင်းလေး စုံစမ်းခိုင်းထားတဲ့ မိန်းခလေးရဲ့
အချက်အလက်တွေ သိရပါပြီ📱

📱ဒါဆို အခုပို့လိုက်📱

📱ဟုတ်ကဲ့ သခင်လေး📱

*မာယာဒေလီ မင်းဆက်လိမ်နေမယ်ဆိုရင် မင့်ရဲ့မျက်နှာဖုံးကို
ငါကိုယ်တိုင် ခွာချပြမယ် စောင့်ကြည့်ထားလိုက် ဟားးဟားးးး*

ပါတီပွဲမှာ သူမကိုနမ်းခြိုက်ခဲ့တဲ့အနမ်းတွေကို ပြန်တွေးရင်း
သူတစ်ချက်နှုတ်ခမ်းတွန့် ပြုံးကာ တစ်မော့စာ ကျန်နေတဲ့
ခွက်ထဲက ဝီစကီကို မော့ချပစ်လိုက်သည်

{ဒီနေ့ဝတ္ထု အသစ်တင်ပေးလိုက်တာမို့ 'မာနမင်းသားနဲ့တစ်လွဲစိန် 'ကို
မနက်ဖြန် အလှည့်ကျတင်ပေးပါ့မယ်နော်…ဆက်ရန်တစ်ဘက်ခါ……}


♥♥♥♥♥♥

1 comment:

  1. နောက်အပိုင်းလေးမျှော်နေမယ်

    ReplyDelete

Theme images by chuwy. Powered by Blogger.