ဖုန်းဖြင့် Apple ID လုပ်နည်း

ဖုန်းဖြင့် Apple ID ပြုလုပ်နည်း
=================


ဒီတခါ ဖုန်းဖြင့် Apple ID ပြုလုပ်နည်း ပြန်တင်ပေးလိုက်ပါတယ်။ မသိသေးတဲ့ မိတ်ဆွေ သယ်ရင်းများ သိအောင် Share ဖြင့်ကူညီပေးနိုင်ပါတယ်။



အရင်ဆုံး မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ။

ပြီးရင်အဆင်ပြေတဲ့ Free app တစ်ခုကိုဒေါင်းလိုက်ပါ။

ထိုအခါ Apple ID တောင်းပါလိမ့်မယ်။

Create New Apple ID ကိုနှိပ်လိုက်ပါ။

ပြီးသွားရင်တော့ Store ကို U.S လို့ရွေးပေးလိုက်ပါ။

Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ။

ကိုယ့်မှာရှိတဲ့ Gmail နဲ့ password ထည့်ပါ။

Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီးတော့ စာလုံးကြီးတစ်လုံးနှင့် ဂဏန်းတစ်လုံးပါဝင်ရမှာဖြစ်ပါတယ်။

ပြီးရင် Question နဲ့ Answer မှာ ကိုယ်မှတ်မိ လွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်လိုက်ပါ။

တော်တော်လေးအရေးကြီးပါတယ်။

တကယ်လို့ မိမိ Password မေ့သွားခဲ့ရင် ပြန်ဖြေပေးရမှာဖြစ်ပါတယ်။

ပြီးတော့ မွေးနေ့ ရက် လ တွေကိုအမှန်အတိုင်း ထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။

ကဲ အခု Billing Information ထည့်ရမည့် နေရာကို ရောက်ပါပြီ။

ဒီအဆင့်မှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။

အစတုန်းက Free app ကို Download

ဆွဲမလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။

None ကိုရွေးပေးလိုက်ပါ။

ပြီးရင် Title မှာ Mr/Ms ရွေးပါ။

ပြီးရင် First Name နဲ့ Last Name ထည့်ပါ။

ပထမ Address နေရာမှာ 22*99 လို့ရေးထည့်ပါ။

ဒုတိယ Address ကိုမဖြည့်ပါနဲ့။

City နေရာမှာ Asd12565 လို့ရေးထည့်ပါ။

State မှာ AZ-Arizona ကိုရွေးပေးလို်က်ပါ။

ပြီးရင် Zip နေရာမှာ 85123 လို့ရေးထည့်လိုက်ပါ။

ဖုန်းနံပတ်မှာ 520 5500854 ကိုထည့်ပါ။

ပြီးသွားရင် Next ကိုနှိပ်ပါ။

ပြီးသွားရင်တော့ Verify Your Account ဆိုပြီး ကိုယ့်ရဲ့Gmail မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ်။

Gmail app ထဲကိုဝင်ပြီး ခုဏထည့်ခဲ့တဲ့ Gmail ကို Signin လုပ်လိုက်ပါ။

အပေါ်ဆုံးမှာ Apple ကပို့ထားတဲ့ Mail တစ်စောင်ရောက်နေပါလိမ့်မယ်။

Mail ထဲကိုဝင်ပြီး Virify Now ကို နှိပ်လိုက်ပါ။

Browser ပွင့်လာရင် Gmail နဲ့ Password ကိုထည့်ပေးလိုက်ပါ။

Apple ID တစ်ခုပြုလုပ်လို့ပြီးပါပြီ။

လိုအပ်တဲ့နေရာမှာ အသုံးပြုကြပါတော့ခင်ဗျာ။

အဆင်ပြေကြပါစေဗျာ။

Credit... မူရင်ဆရာများလေးစားပါတယ်

😁😁😁😁😁

No comments

Theme images by chuwy. Powered by Blogger.